Page 17 - book
P. 17
aemifwuif;&modkU (နန္ဒသိန်းဇံ) လို့မိန့်တော်မူတယ်။
(၃)
အထက်ပါ အကြောင်းအရာကိုပြောပြသူကက ပဉ္စာနန္တရိယကံရဲ့ကြီးလေးပုံတွေ
အကြောင်းကို ဆက်ပြီး ရှင်းပြ နေပါတယ်။ သူပြောတာတွေကို နားထောင်နေကြသူတွေထဲက တစ်ယောက်က “ မြန်မာ ဗုဒ္ဓဘာသာဝင်တွေဟာ အဇာတသတ် ကို အဖေသတ်တဲ့သားဆိုပြီး အများအားဖြင့် အဇာတသတ်ကို ရွံ့မုန်းတဲ့စကားပြောတတ်ကြတယ်။ ကျုပ်ကတော့ ဗိမ္ဗိသာရမင်းကြီးကြောင့် အဇာတသတ်ရဲ့ဇာတ်လမ်းက မကောင်းဘူးဖြစ်သွားရတာလို့ထင်တ ယ်။ အဇာတသတ်ကို အကျဉ်းချ ထားလိုက်ရင် ဖခင်ကိုသတ်တဲ့ကံကြီးမျိုး အဇာတသတ်မှာ ထိုက်စရာမရှိဘူး၊ ဖခင်ကို မသတ်မိရင် ဘုရားနဲ့တွေ့လို့တရားနာ ရတဲ့အခါမှာ အဇာတသတ်ဟာ မဂ်ဖိုလ်ဉာဏ်တွေကို ရသွားမှာပဲ။ ငရဲကိုရောက်သည်အထိ အဇာတသတ်ရဲ့ဘ၀ဇာတ်လမ်း ညံ့ ဖျင်းသွားရခြင်းမှာ တာဝန်အရှိဆုံးသူဟာ ဖခင် ဗိမ္ဗိသာရပဲလို့ကျုပ်ကတော့ ဆိုချင်တယ်” လို့ပြောနေပါတယ်။ သူ့စကားအဆုံးမှာ “ ခင်ဗျားတို့ကကော ဘယ်လိုထင်လဲ” လို့လှမ်းမေးပြီး ကျွန်တော်တို့ရဲ့ထင်မြင်ချက်ကို တောင်းနေပြန်ပါတယ်။
မိတ်ဆွေတွေကို ကြည့်လိုက်တော့ “ ဖခင်တွေ” များနေတာ တွေ့ရပါတယ်။ ဘယ်သူကမှ ထင်မြင်ချက်ပေးတာ မတွေ့ရဘဲ တိတ်ဆိတ်စွာနဲ့အဲဒီနေ့က သူတို့ထိုင်နေကြပုံကို မြင်ယောင်နေပါတယ်။
(Perfect ဇူလိုင်၊ ၂၀၀၉)
အချိန်မီ
“ ကျွန်တော် မူးပေမယ့် ကျွန်တော့်ဒဿနကတော့ မမူးပါဘူး” တဲ့။ မူးလာရင် ဒီစကားကို သူက ပြောနေကျ...။
“ကျွန်တော် သောက်တာက ကြိုက်လို့သောက်တာပါ၊ ကြိုက်တာကလည်း ကောင်းလို့ပေါ့၊ ကောင်းလို့ ကြိုက်တာပဲဖြစ်ရမှာပေါ့။ ကောင်းတယ်ထင်လို့လူတွေလုပ်ကြတာပဲ၊ ကျွန်တော်ကတော့ ကောင်းမှန်းသိလို့ကို သောက်တာ၊ ကောင်းတယ်ဆိုပြီး လုပ်ခဲ့တာတွေဟာပဲ အခုတော့ မကောင်းတာတွေဖြစ်လာပြီ”
ဒီစကားတွေကလည်း မူးလာရင် သူပြောနေကျ။
ဟုတ်ပါရဲ့၊ သူ့မျက်နှာ၊ သူ့အသားအရည်တွေက အရင်ကလို စိုစိုပြည်ပြည်မရှိကြတော့... သူ့မျက်စိတွေက အရင်တစ်ခါတွေ့တုန်းကထက် ပိုပြီးမှုန်ဝါးသွားတာ သေချာတယ်။
“ ပြောဖူးတယ်... ဟုတ်၊ အဲဒီတုန်းက ဟင်္သာနှစ်ကောင်နဲ့သစ်ပင်စောင့်နတ်ကြီးကြားက ဒိုင်ယာလော့ကို ဒီလောက်အရေးကြီးမှန်းမသိခဲ့ဘူး။
ဒီစကားကိုလည်း မူးလာလို့တွေ့ကြရင် သူပြောနေကြစကား...။
သူ ပြောတဲ့သစ်ပင်စောင့်နတ်ကြီးဆိုတာက ရေခံတက်ပင်စောင့် ရုက္ခစိုးကို ဆိုလိုတာပါ။ ရေကန်ကြီးတစ်ခုအနားမှာ ရေခံတက်ပင်တစ်ပင်ရှိတယ်။ အဲဒီ ရေခံတက်ပင်ကို
အမှီပြုပြီး ရုက္ခစိုးနတ်က ဘုံဗိမာန်လုပ်နေရတယ်။ အဲဒီ ရေခံတက်ပင်ပေါ်ကို ဟင်္သာနှစ်ကောင်က လာလာပြီးနားလေ့ရှိတယ်။ လာပြီး နားနေပါများတော့ ရုက္ခစိုးနဲ့ဟင်္သာနှစ်ကောင်က ရင်းနှီးသူတွေဖြစ်လာတယ်။ တစ်နေ့မှာ ညောင်ပင်ငယ်ကလေးတစ်ပင် အဲဒီရေခံတက်ပင်ရဲ့ အကိုင်းခွကြားတစ်ခုမှာ ပေါက်နေတာကို ဟင်္သာတွေက မြင်တယ်၊ မြင်တော့... အမြော်အမြင်ရှိကြတဲ့ ဟင်္သာတွေက ရုက္ခစိုး ကို သတိပေးတယ်။ အဲဒီညောင်ပင်ကို မြန်မြန်ရှင်းပစ်လိုက်၊ အချိန်မီ မရှင်းလို့ နောင် ကြီးထွားလာရင် ရေခံတက်ပင်ကို မြိုသွားမယ်။ ဒီအခါမှာ ရုက္ခစိုးအတွက် နေစရာဗိမာန် ပျောက်သွားမယ်လို့ပြောပြကြတယ်။ ဒါပေမဲ့.. ရုက္ခစိုးက အလေးအနက်လည်း မထားတတ်ဘူး။ ဒီတော့... ညောင်ပင်ငယ်ကို ငယ်တုန်း ဖယ်ရှားမပစ်မိဘူး။ ဒီတော့ တဖြည်းဖြည်းနဲ့ညောင်ပင်ငယ်ဟာ ကြီးထွားခွင့်ရလာတယ်။ နောက်ဆုံးမှာ ကြီးမားတဲ့ညောင်ပင်ကြီးဟာ ရေခံတက်ပင်ကို အကုန်လုံး ၀ါးမျိုပစ်လိုက်လို့ ရုက္ခစိုး ခမျာ ဘုံပျောက်ခဲ့ရတယ်။
အကျင့်စရိုက်ဆိုးဆိုတာကိုလည်း နုတုန်းငယ်တုန်းမှာ ဖယ်ရှားပစ်ရတယ်။ မဖယ်ရှားဘဲ ကြီးထွားခွင့်ပေးလိုက်ရင် အဲဒီအကျင့်ဆိုးဟာ ဘ၀တစ်ခုလုံး မြိုတော့တာပဲ၊ ရုက္ခစိုးဟာ ဘုံပျောက်ရုံပျောက်တာ၊ အကျင့်ဆိုး အမြိုခံရသူကတော့ ဘ၀ တစ်ခုလုံးဆုံးမှာ။
ရုက္ခစိုး ဘုံပျောက်သွားတဲ့နေရာအထိ ပြောလာပြီးရင် သူက... “ ကျွန်တော့်ဒဿနက မမူးပါဘူး” လို့ ပြောပြန်ရော။ ဟင်္သာနှစ်ကောင်နဲ့သစ်ပင်စောင့်နတ်ကြီးကြားက ဒိုင်ယာလော့ကို ဒီလောက်အရေးကြီးမှန်း မသိခဲ့ဘူး” လို့ပြော ပြန်ရော။ ပြီးတော့...
ကျွန်တော့်ကို အခုအရက်က မြိုနေပြီ၊ သိတယ်၊ မြိုခွင့်ပေးခဲ့မိတာကိုး၊ သိတယ်၊ ဒီသောက်တဲ့အကျင့်ကို ဖယ်ခဲ့ရမှန်းသိတယ်... ဖယ်ရမှန်းသိတယ်။ ကျွန်တော့် ဒဿန မမူးပါဘူး၊ သိတယ်၊ သိပေမယ့် ဖယ်လို့က မရတော့ဘူး၊ မရနိုင် တော့ဘူး....
ဒီစကားတွေကလည်း သူ မူးယစ်နေချိန် တွေ့လိုက်ရင် ပြောနေကျစကားတွေပါ။ လကုန်ရက်တွေမှာ သူ ရောက်လာလေမလားလို့မျှော်မိပါသေးတယ်။
သူ ရောက်မလာတော့ပါ။
သူ.. နောင်တကင်းရာ ဘ၀ကို ရောက်ပါစေလို့ပဲ ဆုတောင်းရပါတယ်။
(အင်တာဗျူးဂျာနယ်၊ ဇူလိုင် ၂၀၀၂)
မအိုဆေး
ပေါင်းတည်မြို့သို့အရောက်တွင် အဖွဲ့၌ပါလာသော ပေါင်းတည်သူ ဆရာမက အိမ်သို့ခေတ္တ၀င်သည်။ အိမ်သူ အိမ်သားတွေက ၀မ်းပန်းတသာဖြင့် ကျွန်တော်တို့အဖွဲ့ကို ဆီးကြိုကြသည်။ ကျွေးမွေးလိုက်သည်မှာလည်း အလျှံပယ်။
အိမ်မှပြန်အထွက်တွင် ဆရာမ၏ လက်ထဲတွင် လတ်လတ်ဆတ်ဆတ် ဖရုံညွန့်တွေ တစ်ပွေ့ကြီးပါလာသည်ကို မြင်လိုက်မိသည်။
31
32
လွန်ခဲ့သော ရက်သတ္တပတ်က ပုဂံလေ့လာရေးအဖွဲ့နှင့် လိုက်ပါသွားဖြစ်တယ်။
.................... www.mmcybermedia.com ....................
မြန်မာဆိုက်ဘာ မီဒီယာဖိုရမ်