Page 9 - ko san ni
P. 9
" မိုက်သားပဲ လေးလေးရဲ့ "
" အို---ငါ့ညီနှယ် အဲဒီတုန်းက သံချပ်တွေဆိုတာ အပြိုင်အဆိုင်။ တွယ်ကြတာလည်း မီးကုန် ယမ်းကုန် စကားလုံး
တွေဆိုတာလည်း ထိမှထိ မိမှမိ သမလည်းဆော်တာပဲ
သမပေးဆန် မလုံလောက်
အိုးမှောက် ခွက်မှောက်ထားကြပါတော့
သမကတော့ ပေးပါတယ်
ဆန်နဲ့ ခဲနဲ့ ခွဲလို့မရဘူး
ဆန်ကောင်းလေးဆို သိုသိုသိပ်သိပ်
နှမပေးလိုက် တူမပေးလိုက်
နှမပေးတွေ တူမပေးတွေ
အဲဒီ နှမပေးတွေ တူမပေးတွေ ဆိုတဲ့နေရာမှာ
အကုန် သံပြိုင် ဟစ်ကြတာ---ဟိုလိုလို သည်လိုလိုနဲ့-----စကားနှစ်ခွနဲ့။ အမှန်က ကလော်တုတ်တာ နှမပေးတွေ
တူမပေးတွေ
ပန်ကာလေက လေတဟူးဟူး
စာရေးမတွေလည်း လေတဖြူးဖြူး
ဗီဒီယိုဇာတ်လမ်း ပြောလို့မပြီးဘူး
လူကြီးလာရင် ဟိုဟာလုပ်ရမယ် ဒီဟာလုပ်ရမယ်
ညာလုပ်သွားတာ သူတို့ မသိဘူး
အပြောကတော့ တစ်ကယ်ကိုကောင်း
ပုသိမ်ပြောင်းပြီး စကောရောင်းတော့
လူကြီးလာမယ့် သတင်းလည်းကြားရော
ဘယ်မှကို မသွားရဲကြဘူး
အံမယ် အံမယ် တယ်ဟုတ်ပါလား
အမြီးတွေကို ကုပ်နေတာပဲ
ပညာအရောင် ထွန်းလင်းပြောင်
ထွန်းလင်းပြောင်တာ ဂျင်ဝိုင်းသွားလို့
စကားလုံးတွေက အဲသလို ပြောင်မြောက်တာပေါ့
အဲဒါ တခြားအသင်းက သံချပ်တိုင်တဲ့ဟာတွေ နွေတမာန်ထင်တယ် သဘောကျလွန်းလို့ကို
အလွတ်ကို ရနေတာ---------ကဲ---တူးကပ် မှာချင် မှာတော့လေကွာ။ ဒီမှာ အာခြောက်နေပြီ ဘီယာသောက်တာ
အိုဗာဆီးဖြစ်တယ် "
" ဘာလဲ အိုဗာဆီး "
" ဆီးသွားချင်တာ ပြောတာကွာ မင်းကလည်း အပါ့။ ဒီတော့ မင်း မှာထားလိုက်ဦး လူရွှင်တော်တွေ ပြောသလို
ရွှေပြွန်က ရေသွန်သွားလိုက်ဦးမယ်ဟေ့--------------"
" ရွှေကြာက ရေခါတာ မဟုတ်ဘူးလား လေးလေးရဲ့ "
" အယ် ငါ့များ ရေခါရအောင် မိန်းမကြီးများ ထင်နေလို့လား အနည်းဆုံး ဂန်ဒူးလောက်တော့လုပ် ဟားဟားဟား "
----------------------------------
ကျွန်တော်နှင့် ရှေ့မီ နောက်မီ ကိုဆန်နီ Page 9