Page 1 - ko san ni
P. 1

ရွှေပေလွှာ သုတရသမဂ္ဂဇင်း






                [ ကျွန်တော်နှင့် ရှေ့မီ နောက်မီ ကိုဆန်နီ ]



                                                                                     ကလောင်အမည်=ကျော်ထွန်းဦး




               အခန်း(တစ်)


               ဟိုးတုန်းက သင်္ကြန်ဆိုတာ အခုခေတ်လို ဘယ်ဟုတ်မှာတုန်း။ ညချမ်းအချိန်ရောက်တာနဲ့ မဏ္ဍပ်တွေမှာ
               သံချပ်အဖွဲ့တွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အပြိုင်အဆိုင် သံချပ်တိုင်ကြတာကို သွားကြည့်ပြီး တမေ့တမော
               နားထောင်ရတာကိုက ပျော်စရာ ကောင်းလှပေါ့။


               သံချပ်ကားတွေရဲ့ ပုံစံက အလှပြယာဉ်တွေလို အချွန်အတက်၊ အခက်အညွန့်၊ အတွန့်အကောက်၊ အဖြောင့် အကွေး
               လှပတဲ့ရောင်စုံ ဆေးရေးပန်းချီတွေနဲ့ စီခြယ်ထားခြင်းမျိုး၊ လှလှပပ ပြင်ဆင်ထားခြင်းမျိုးတော့ မဟုတ်ပါဘူး။
               ခမ်းခမ်းနားနား ထည်ထည်ဝါဝါဖြစ်အောင်လည်း လုပ်ထားတာမျိုးမဟုတ်သလို၊ မီးပန်းဆိုင်း မီးလုံးတွေလည်း
               ထွေထူးနေအောင် သိပ်ပါလှတာမဟုတ်ဘူး။


               ယာဉ်သုံးတန် ကုန်သုံးတန် အဆင့်ရှိတဲ့ကား ဒါမှမဟုတ် ဟီးနီုး ကားကြီးတွေကို သုံးထပ်သားတို့၊ ဝါးခြမ်းပြားတို့၊
               ထရံတို့ ဆိုတာတွေကို ဆေးသုတ်၊ ကားရဲ့ ရှေ့နောက် ဘယ်ညာ ကာရံပြီး ကားပျောက် မွမ်းမံထားရုံ လောက်ပဲ

               ပြင်ဆင်ထားတာ။ ပြီးတော့ ကြိုက်နှစ်သက်ရာ အရောင်ပါတဲ့ ပိတ်စအဝတ်ကို ရှေ့နောက် ဘေးဝဲယာ
               အကာအရံတွေရဲ့ အောက်ခြေမှာ အတွန့် အတွန့် ပြုလုပ်ပြီး ကားဘီး အပျောက် ဝဲထားတာ။

               သံချပ်အသင်းရဲ့ နာမည်နဲ့ ဆောင်ပုဒ်တွေကိုလည်း မွမ်းမံကာရံထားတဲ့ သုံးထပ်သားပေါ်မှာ လက်ရေးစာလုံး
               လက်ဝဲစာလုံးများနဲ့  ရေးကြတယ်။ မျက်စိထဲ မြင်အောင် ပြောရမယ်ဆို နတ်သမီး သစ်သား မီးခြစ်ကို အပြားလိုက်

               လှဲထားလို လေးထောင့်ကျကျ ပုံစံမျိုးပါပဲ။

               သံချပ်ဆိုမှတော့ ထုံးစံအတိုင်း တိုင်သူ(ခေါင်းဆောင်)က စာတစ်ကြောင်းကို ရှေ့ကနေ တိုင်ပေး။ နောက်ထပ်
               စာတစ်ကြောင်းကို အဖွဲ့မှ စုပေါင်းအော်ကြ။ အတိုင် အဖောက် အပြန်အလှန် အော်ကြ ဟစ်ကြတာ။ လက်သီး

               လက်မောင်းတန်းပြီး အော်ဟစ်ကြတဲ့ သံချပ်သမားတွေရဲ့ သရုပ်သဏ္ဍာန်နဲ့ ဟန်တွေ ရွတ်ဆိုကြတဲ့ ဌာန်ကရိုဏ်း
               တွေက အားမာန်ပါလွန်းလှတယ်။ ထိရှ မိလှတဲ့ လူထု ကိုယ်စားပြု အဖွဲ့အနွဲ့တွေက ကြည့်သူ အားပေးသူ
               နားထောင်သူ ပရိသတ်တွေကို သဘောကျနှစ်ခြိုက်စေရုံသာမက လက်ခုပ်သံ တဖြောင်းဖြောင်း လက်ခေါက်မှုတ်သံ
               တရွှီရွှီနဲ့ ညဥ့်ဦးယံကို ညံစေခဲ့တယ်။ သင်္ကြန် ညချမ်းချိန်ခါဟာ အလွန်ကို ပျော်ကြည်နူး ချမ်းမြေ့စရာ အတိတွေနဲ့

               ပြည့်နေခဲ့တာပေါ့။

               သံချပ်အဖွဲ့ တစ်ဖွဲ့မှာ အနည်းဆုံး လူ ၃ဝ ကနေ ၄ဝ ဝန်းကျင်အထိ ပါတတ်တယ် (သည်ထက်လည်း ပိုများနိုင်)

               အတီးပိုင်းမှာ ခြောက်လုံးပတ်၊ အုတ်စုံ၊ စည်းဝါး ဒီလောက်သာ အဓိက ပါတာ။ အခြား တူရိယာ ပစ္စည်းအပို ဆိုတာ
               သိပ်မပါဘူး။


               ကျွန်တော်နှင့် ရှေ့မီ နောက်မီ ကိုဆန်နီ                                                      Page 1
   1   2   3   4   5   6